Log in   
kacornenterprise@gmail.com
0909 999 999
APEX(1)

Terms And Conditions

ကုန်စည်ပို့ဆောင်ခ တွက်ချက်ခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် လမ်းညွှန်ချက်များ
 လူကြီးမင်းတို့၏ ကုန်စည်များကို ကျွန်ုပ်တို့ Cargo ဝန်ဆောင်မှုဖြင့် ယုံကြည်စိတ်ချစွာ ပို့ဆောင်ပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။ မိမိတို့ပေးပို့မည့် ပါဆယ်ထုပ်များအတွက် ပို့ဆောင်ခ (Shipping Fee) တွက်ချက်ရာတွင် ရှင်းလင်းလွယ်ကူစေရန် အောက်ပါ စည်းကမ်းချက် မူဝါဒအတိုင်း သတ်မှတ်ကောက်ခံသွားမည် ဖြစ်ပါသည်

၁။ ပို့ဆောင်ခ ဈေးနှုန်းသတ်မှတ်ခြင်း စံနှုန်း

ကျွန်ုပ်တို့ ဝန်ဆောင်မှုသည် ကုန်စည်များ၏ အမှန်တကယ်အလေးချိန် (Actual Weight) နှင့် ထုထည်အလေးချိန် (Dimensional/Volumetric Weight) နှစ်ခုကို နှိုင်းယှဉ်ပြီး ပိုကြီးသော (ပိုလေးသော) အလေးချိန် ပေါ်တွင် မူတည်၍ ပို့ဆောင်ခကို သတ်မှတ်ကောက်ခံပါသည်။
အမှန်တကယ်အလေးချိန် (Actual Weight): ကုန်ပစ္စည်းကို ပေါင်ချိန်စက် (Scale) ပေါ်တင်၍ တိုင်းတာရရှိသော ကီလိုဂရမ် (KG) အလေးချိန် ဖြစ်သည်။
ထုထည်အလေးချိန် (Dim Weight): ကုန်ပစ္စည်းပါကင်အိတ်၏ အတိုင်းအတာ (အလျား x အနံ x အမြင့်) ကို ဖော်မြူလာဖြင့် တွက်ချက်ရရှိလာသော အလေးချိန် ဖြစ်သည်။ ( ဂွမ်း၊ ပလတ်စတစ် ကဲ့သို့ ပေါ့သော်လည်း နေရာယူသော ပစ္စည်းများအတွက် အဓိက သက်ရောက်ပါသည်)။

အရေးကြီးသော မှတ်ချက်: ကုန်စည်တစ်ခု၏ Actual Weight က ၅ ကီလို ဖြစ်သော်လည်း Dim Weight က ၈ ကီလို ဖြစ်နေပါက ဈေးနှုန်းကို ၈ ကီလိုဖြင့် သတ်မှတ်တွက်ချက်မည် ဖြစ်ပါသည်။

၂။ ထုထည်အလေးချိန် (Dim Weight) တွက်ချက်ပုံ ဖော်မြူလာ
အပြည်ပြည်ဆိုင်ရာ လေကြောင်း ကုန်းကြောင်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး စံနှုန်းများအတိုင်း ပါဆယ်ပုံး၏ ထုထည်ကို အောက်ပါအတိုင်း တွက်ချက်ပါသည်။

Dimension weight (kg) = (LxWxH)/5000

၃။ ဖောက်သည်များအတွက် အကြံပြုချက်
ပို့ဆောင်ခ သက်သာစေရန် မိမိတို့ ကုန်ပစ္စည်းနှင့် အနေတော်ဖြစ်မည့် ပုံး/ပါကင် အရွယ်အစားကိုသာ ရွေးချယ်အသုံးပြုရန် အကြံပြုလိုပါသည်။ အရွယ်အစား အလွန်ကြီးမားသော ပုံးများကို အသုံးပြုပါက ထုထည်အလေးချိန် (Dim Weight) တက်လာပြီး ကုန်ကျစရိတ် ပိုမိုများပြားနိုင်ပါသည်။

အထက်ပါ စည်းကမ်းချက်များနှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက သို့မဟုတ် ကုန်ပစ္စည်းအလိုက် ဈေးနှုန်းခန့်မှန်းခြေကို တွက်ချက်လိုပါက ကျွန်ုပ်တို့၏ Customer Service ထံသို့ အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လူကြီးမင်းတို့၏ ကုန်စည်များကို ဘေးကင်းလုံခြုံစွာဖြင့် အမြန်ဆုံး အရောက်ပို့ဆောင်ပေးနိုင်ရန် ကျွန်ုပ်တို့ဘက်မှ အကောင်းဆုံး ဝန်ဆောင်မှုပေးသွားပါမည်။

application
ကုန်ပစ္စည်းထုပ်ပိုးမှုဆိုင်ရာ အထွေထွေစည်းကမ်းချက်များ

တားမြစ်ပစ္စည်းများ ပေးပို့ခြင်းမပြုရန် ပေးပို့သော ကုန်ပစ္စည်းအားလုံးသည် လမ်းခရီးတွင် ဖွင့်ဖောက်စစ်ဆေးခြင်း ခံရနိုင်ပါသည်။ ထို့ကြောင့် တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများကို တမင်ရည်ရွယ်၍ ဝှက်သိုခြင်း၊ မြှုပ်နှံခြင်းမျိုး ပြုလုပ်၍ ပေးပို့ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် အထူးသတိပေးအပ်ပါသည်။


(အနည်းဆုံး ထုပ်ပိုးမှု): ပွန်းပဲ့ပျက်စီးမှု သက်သာစေရန် ပစ္စည်းတိုင်းကို အနည်းဆုံး ထုပ်ပိုးမှု (၁) ထပ် မဖြစ်မနေ ပါရမည်။


(စက္ကူဗူးအသုံးပြုမှု): ခိုင်ခံ့သော စက္ကူဗူးအသစ်များကိုသာ သုံးရမည်။ ဗူးနှင့် ပစ္စည်းအရွယ်အစား ကွက်တိဖြစ်ပြီး ခိုင်ခံ့နေရမည်။


(ပျက်စီးလွယ်ပစ္စည်း): ကျိုးလွယ်၊ ကြေလွယ်သော ပစ္စည်းများကို ပုံမှန်ထက် ပိုမိုထူထဲ စိတ်ချရအောင် အထူးအဆင့်မြင့် ထုပ်ပိုးရမည်။


(အထုပ်ကြီးပစ္စည်း): သတ်မှတ်ချက်ထက် ကြီးမားသော ပစ္စည်းများကို သယ်ယူရွှေ့ပြောင်းရ လွယ်ကူစေမည့် ပုံစံမျိုး ထုပ်ပိုးရမည်။


(အဝတ်အထည် Bulk အိတ်): မိုးရေနှင့် စိုထိုင်းမှုဒဏ်ခံနိုင်ရန် အတွင်းမှ ပလတ်စတစ်အိတ် (PE Bag) ဖြင့် ပတ်ရမည်။ အပြင်မှ အထူစား ဆာလာအိတ် (Woven Bag) သုံးပြီး စက်ချုပ်ခြင်း သို့မဟုတ် Cable Tie ဖြင့် ခိုင်မာစွာ ချည်ရမည်။


(အမြင့်နှင့် ဖိအားဒဏ်): အမြင့် ၃ ပေ (၁ မီတာ) မှ ပြုတ်ကျလျှင် ခံနိုင်ရည်ရှိရမည်။ အထပ်ထပ်ဆင့်တင်ရာတွင် မပြားစေရန် အလေးချိန် ၂၀ ကီလိုဂရမ် (20 kg) အထိ ဖိအားဒဏ်ခံနိုင်သော ဗူးကို သုံးရမည်။

Apex Terms